၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်နှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများအား နှိုင်းယှက်ချက်

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်နှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများအား နှိုင်းယှက်ချက်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့၊ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်တွင် ပဲခူးတိုင်း၊ တောင်ငူ ခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးရွာရှိ ဟိန္ဒူဘုရားကျောင်းနှင့် ဘုရားကျောင်းရှေ့ရှိ ဈေးဆိုင် (၂) ဆိုင်ကြားသို့ အကြမ်းဖက် စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူအချို့အပါအဝင် ဒေသခံ ဟိန္ဒူဘာသာဝင် အရပ်သား အမျိုးသား (၇)ဦး သေဆုံးခဲ့ကာ အမျိုးသမီး (၁)ဦး အပါအဝင် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ဟိန္ဒူဘုရားကျောင်းအမိုးနှင့် အရှေ့ပိုင်း ထိခိုက် ပျက်စီးကာ ပြည်သူများ၏ နေအိမ်အချို့ ဗုံးသီးစ ထိမှန်၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။