ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊စေတီတောင်(မွတ်ဆလင်)ရွာအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (မွတ်ဆလင်)ရွာ အတွင်းသို့ သုံးဆယ့်တစ်ဘုံစေတီကုန်း တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချက် (၂၀) ခန့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ (၅) ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦး အပါအဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



