စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်
စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ၊ မြို့နယ်တရားရုံး အခြေစိုက်ရာနေရာ သို့ အကြမ်းဖက် စစ်အုပ်စု၏ တံတားဦးလေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ A5 ဂျက်ဖိုက်တာအသုံးပြုကာ ပေါင် ၂၀၀ ဗုံးသီး (၄) လုံးအား ကြဲချခဲ့သောကြောင့် အသက် (၁) နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအ၀င် ၅ ဦးသေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသူများထဲတွင် တရားရုံး၌ အမှု စစ်ဆေးနေသော တရားသူကြီးလည်း တဦး အပါအဝင်ဖြစ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



