ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ၌ အကြမ်းဖက်စစ်အုပ်စု၏ အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှု

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ၌ အကြမ်းဖက်စစ်အုပ်စု၏ အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှု

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်ကို ဌာနချုပ်မှူး၊ဗိုလ်မှူးချုပ်နေလင်းအောင်ကွပ်ကဲသော ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) ၊စကခ-၁၈ ၊တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲသော တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် က အကြမ်းဖက်စစ်သားများကကျူးလွန်ခဲ့ကြောင်းသိရှိရပြီး ပြည်သူပိုင် နေအိမ်(၁၀)လုံးအား မီးရှို့ဖျက်စီးခဲ့ ကြောင်းလည်းသိရှိရသည်။
 
လွန်ခဲ့သော (၂)ပတ်ခန့်က မီးရှို့ဖျက်စီးမှုကြောင့် ပင်လောင်းမြို့နယ် ၊နမ့်နှိမ်းကျေးရွာတကြောတွင် နေအိမ်အလုံး (၅၀) ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ပြည်သူ တစ်ဦး သေဆုံးခဲ့ရသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။