ဝက်လက်မြို့နယ်၊ဘုရားလေးကုန်း နှင့် ငါးပန်ချောင်းရွာ အနီးရှိ ဒေသခံကာကွယ်ရေး သင်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ဘုရားလေးကုန်း နှင့် ငါးပန်ချောင်းရွာ အနီးရှိ ဒေသခံကာကွယ်ရေး သင်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားလေးကုန်းနှင့် ငါးပန်ချောင်းရွာ အနီးရှိ ဒေသခံကာကွယ်ရေးသင်တန်းကျောင်းကို စစ်ကောင်စီ၏ တိုက်လေ ယာဥ်(၂)စီး၊ Mi-35 ရဟတ် ယာဥ် (၂)စီး တို့ဖြင့် တိုက်ခိုက်ခဲ့ပြီး ရွှေဘိုလေ့ကျင့်ရေးကျောင်းမှ ပို့ဆောင်ရေး ရဟတ်ယာဥ် Mi-17 (၄)စီးဖြင့် စစ်ကောင်စီတပ်သား (၅၀)ကျော်ကို ချပေးခဲ့ပါတယ်။
 
Mi 35 နှစ်စီးမှာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ MI 17 နှစ်စီးမှာ ရွှေဘို၊ MI 17 နောက်ထပ် ၂ စီးမှာ စစ်ကိုင်းမြို့ ရှိ အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ်တို့မှ တက်လာခြင်းဖြစ်ပြီး Mi-35 ရဟတ်ယာဥ်သည် ဘုရားကုန်းကျေးရွာရှိ စာသင်ကျောင်းကိုလည်း ပစ်ခတ်ခဲ့ကာ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနံရံနှင့် မျက်နှာကြက်များ ကျည်ထိမှန်ပျက်ဆီးသွားခဲ့ပါတယ်။
 
ထိုသို့တိုက်ခိုက်မှုကြောင့် ရပ်ရွာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် (၆)ဦးနှင့် ဒေသခံပြည်သူ (၃)ဦးတို့ သေဆုံးပြီး၊ ဒေသခံပြည်သူ (၁၈)ဦး ဖမ်းဆီးခံထားရပါတယ်။
အသေးစိတ်အချက်အလက်များကို အောက်ပါ 

ဆက်စပ်အကြောင်းအရာများ