ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁)နာရီကျော်အချိန်တွင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသည်။
ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့ပြီး (၅၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



