စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ည (၈)နာရီ (၃၀)မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေခါးရွာကို အကြမ်းဖက်စစ်အုပ်စုက မန္တလေး၊ တံတားဦးမှ တက်လာသည့် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ (၅)ဦး သေဆုံးခဲ့ ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ပြည်သူပိုင် နေအိမ် (၂)လုံး လုံးဝ ထိခိုက်ပျက်စီးခဲ့ပြီး အခြားနေအိမ်များလည်း ဗုံးစ ထိမှန်မှု ကြောင့် အနည်းငယ်ထိခိုက် ပျက်စီးခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



