အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ တောင်ဘက်ရှိ စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ တောင်ဘက်ရှိ စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ တောင်ဘက်ရှိ စစ်ဘေးရှောင် ၃၀၀ ခန့်နေထိုင်သည့် ဘုန်းကြီးကျောင်းကို တံတားဦးဘက်မှလာသည့် အကြမ်းဖက်စစ်အုပ်စု၏ (K – 8W)အမျိုးအစား ဟုယူဆရသောလေယာဉ်(၁)စီး ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချပြီးလည်းကောင်း၊ ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချပြီးလည်းကောင်း နာရီဝက်ခန့် ကြာတိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦး၊ အမျိုးသမီး (၂) ဦး၊ သံဃာတော်(၃)ပါး၊ အမျိုးသား (၆)ဦး စုစုပေါင်း (၁၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၃၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်‌ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်း ဆောင်(၁)ဆောင်နှင့် ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အရပ်သားပြည်သူစစ်ဘေးရှောင်များနှင့် ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်သည်မှာ အထူးထင်ရှားသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။