၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့၊ နေ့လယ် ၁၂:၂၀ ခန့်တွင် စစ်ကိုင်းတိုင်ဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ သေဆုံးသူများမှာ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၅) ဦးတို့ ဖြစ်ပြီး ဒဏ်ရာရသူ များမှာ ကလေးငယ်(၂)ဦးနှင့် အမျိုးသမီး(၃) ဦးတို့ဖြစ်သည်။ ထိခိုက်ဒဏ်ရာ သူထဲမှ အမျိုးသမီး(၁)ဦးမှာ ညာခြေကျင်းဝတ်ဖြတ်တောက်ထားရသည့် ဒဏ်ရာရရှိခဲ့ပါသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် (၈) လုံး ထိခိုက်ပျက်စီး ခဲ့ရသည့် အပြင် လောင်စာဆီ (၉၆)လုံး၊ ဆိုင်ကယ်(၁၂)စီး၊ ဆီသယ်ကားကြီး(၃)စီး၊ လူစီးကား (၃) စီး၊ “တွင်” စက်မှုလက်မှု အလုပ်ရုံမှ မီးစက် ဒိုင်နမို (၆)လုံး၊ စာစီစာရိုက် ကွန်ပျူတာ ပစ္စည်းအစုံ နှင့်စားသောက် ကုန်စုံဆိုင်စသည်များ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး သိန်း (၃၀၀၀) ကျော်ခန့်ရှိ ကြောင်း သိရပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။