၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်ဝက် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များနှိုင်းယှဉ်ချက်

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်ဝက် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များနှိုင်းယှဉ်ချက်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၃ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၄၆၅၆ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ(၆)လ အတွင်းမှာတင် ဖြစ်စဉ်ပေါင်း ၃၁၂၁ ခုကို မှတ်တမ်းတင်ထားနိုင်ပြီး ဖြစ်ပါတယ်။ တရားလက်လွတ်သတ်ဖြတ်ခြင်း (Extrajudicial Killing) ကကျုးလွန်မှု အရေအတွက်အားဖြင့် အများဆုံးဖြစ်ပွားလျက်ရှိပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် နှစ်ဝက်အတွင်း ချိုးဖောက်မှုများကို အမျိုးအစားအလိုက်၊ ဖြစ်ပွားရာဒေသအလိုက် နှိုင်းယှဉ်ဖော်ပြပြီး အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး ဖော်ပြထားရှိပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။