စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်

စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့၊ နေ့လယ် (၁၁) နာရီကျော်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ၊ ရွာထိပ်ဘုန်းကြီးကျောင်း၌ အစည်းအဝေး ပြုလုပ်နေသည့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ဘုန်းကြီးတပါးနှင့် အမျိုးသမီး (၁) ဦး အပါအဝင် ပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရပြည်သူ အများပြားရှိသည့်အပြင် ဘုန်းကြီးကျောင်း၊ ဆွမ်းစားကျောင်းဆောင် နှင့် ဓမ္မာရုံများ ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။