မြင်းစီးရွာမှ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျုစောထီးများသည် ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် အသက် (၃) နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံမိသားစုဝင် (၆) ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်

မြင်းစီးရွာမှ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျုစောထီးများသည် ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် အသက် (၃) နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံမိသားစုဝင် (၆) ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ညနေပိုင်း (၅) နာရီခန့် အချိန် တွင် အကြမ်းဖက်စစ်အုပ်စုမှ သူရဘွဲ့ချီးမြှင့်ထားသည့် မြင်းစီး ရွာ၊ ပျူစောထီးခေါင်းဆောင် ဌေးအောင် ဦးဆောင်သည့် အဖွဲ့ ဝင်(၁၅)ဦးခန့်ရှိသော ပျူစောထီးများသည် ရွာနှင့် (၁)မိုင်ခန့် ဝေးသော တောတိုက်သို့ ဝင်ရောက်ခဲ့သည်။
ထိုတောတိုက်တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံ ဦးလင်း (၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင် ရပ်ကျေးဥက္ကဌ တာဝန်ယူခဲ့သူ)၏ မိသားစုဝင်များအား ပစ်မှတ်ထား၍ သတ်ဖြတ်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။