သင်တောရွာနှင့် ရွှေဘိုရွာတို့မှ အရပ်သားပြည်သူ(၁၀)ဦး အား အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံပျုစောထီးများ က အစုအလိုက်အပြုံလိုက်သတ်ဖြတ် နေအိမ်များမီးရှို့ ပြည်သူပိုင်ပစ္စည်းများကိုလုယူခြင်းဖြစ်စဉ်
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၆ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ(ပျူရွာ)မှ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးအင်းအား (၂၀၀)ခန့်သည် သင်တောရွာနှင့်ရွှေဘိုရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ သင်တောရွာမှ ပြည်သူ(၇) ဦး ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ထို့ပြင် ရွှေဘိုရွာမှ ပြည်သူ(၂)ဦ:၊ ကံတိုးရွာမှ စစ်ဘေးရှောင် ပြည်သူ(၁)ဦ:တို့ကို ပစ်ခတ်သတ်ဖြတ်ကာ ရွှေဘိုရွာမှ ပြည်သူပိုင်နေအိမ်(၆)လုံး၊ သင်တောရွာမှ နေအိမ်(၂၀)လုံးတို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူသွားခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



