ပန်လော်ကျေးရွာနှင့် ကောင်းကက်ကျေးရွာအုပ်စု ဟိုနားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ပေါင်(၅၀၀)ဗုံး အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့
ည (၀၀:၃၀) အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပန်လော်ကျေးရွာနှင့် ကောင်းကက်ကျေးရွာအုပ်စု ဟိုနားကျေးရွာကို အကြမ်းဖက်စစ် အုပ်စုမှ လေကြောင်း (ဂျက်လေယာဉ်) အသုံးပြုကာ ပေါင်(၅၀၀) ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုက ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဟိုနား(ကောင်းကက်)ကျေးရွာမှ လူနေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် (၅) ဦး အသက် ဆုံးရှုံးခဲ့ကာ (၅)နှစ် အရွယ်ကလေးတစ်ဦး နှင့် (၆) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၄)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



