အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် (၂)နှစ်အောက်ကလေးငယ် (၂)ဦး၊ (၆) နှစ်အရွယ်ကလေးငယ် (၁)ဦး နှင့် ကိုယ်ဝန်ဆောင် မိခင်တဦး အပါအဝင် ပြည်သူ (၁၇) ဦး သေဆုံး
ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊ အလယ်တောရွာနှင့် အင်းတိန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုမှ ဂျက်ဖိုက်တာများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် (၂)နှစ်အောက်ကလေးငယ် (၂)ဦး၊ အသက်(၆) နှစ်အရွယ်ကလေးငယ် (၁) ဦး ၊ ကိုယ်ဝန်ဆောင်မိခင် (၁) ဦး အပါအဝင် ပြည်သူစုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ပြီး ပြည်သူများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများလည်းပျက်စီးခဲ့သည်။
ထိုအချိန်တွင် တိုက်ပွဲများဖြစ်ပွါးနေခြင်းမရှိပါ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



