ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးအား အဓမ္မပြုကျင့်ကာ လည်ပင်လှီး သတ်ဖြတ်ခဲ့သည့်အပြင် စစ်ရှောင်ပြည်သူ အမျိုးသား (၃) ဦးအား လည်ပင်းလှီးသတ်ဖြတ်သည့်ဖြစ်စဉ်
၂၀၂၃ ခုနှစ်၊သြဂုတ်လ (၂၆) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၊ အင်အား(၁၀၀)ခန့်ရှိ၊ တပ်မ (၃၃) သည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာနှင့်တောင်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ခဲ့ကြသည့်အပြင် စစ်ရှောင်ပြည်သူ အမျိုးသား (၃) ဦးအား လည်ပင်းလှီးသတ်ဖြတ်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးအား အဓမ္မပြုကျင့်ကာ လည်ပင်လှီး သတ်ဖြတ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



