ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ(၁၃)ဦး သေဆုံးကာ ရဟန်းသံဃာတော်(၁)ပါး ပျံလွန်တော်မူခြင်းဖြစ်စဉ်

ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ(၁၃)ဦး သေဆုံးကာ ရဟန်းသံဃာတော်(၁)ပါး ပျံလွန်တော်မူခြင်းဖြစ်စဉ်

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်ခန့်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသည့် အကြမ်းဖက်စစ်အုပ်စု၏ ဂျက်ဖိုက်တာ(၁)စီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ(၁၂)ဦး သေဆုံးကာ ရဟန်းသံဃာတော်(၁)ပါး ပျံလွန်တော်မူခြင်း၊ ပြည်သူ(၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ပြည်သူပိုင်လူနေအိမ်(၁၄)လုံး၊ ဘုန်းကြီးကျောင်းဆောင် (၂)လုံးပျက်စီး ကာ နွား(၂)ကောင် ထိခိုက်သေဆုံးခြင်းနှင့် ချင်ပြစ်ကျေးရွာအနောက်ဘက် မြောက်ယမားဆည်အနီး ရှင်းလင်းဆောင်အား ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူအမျိုးသမီး(၁)ဦး သေဆုံးကာ ၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။