မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်
၂၀၂၃ ခုနှစ်၊ဧပြီလ (၁၈) ရက် နေ့ နံနက် (၁၁)နာရီ (၅)မိနစ် အချိန်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ (Mi 35) တိုက်ခိုက်ရေး ရဟတ်ယာဉ် သည် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မကြီးကန်ရွာရှိ တိုက်နယ် ဆေးရုံနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံအဆောက်အဦး ပျက်စီးခဲ့ပြီး ကုသရေးပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့ လေကြောင်းဖြင့် မိနစ်(၂၀) ခန့်ကြာ ပစ်ခတ်ပြီးနောက် ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာတွင်ရှိသော အင်အား(၇၀)ခန့်ရှိ အကြမ်းဖက်စစ် အုပ်စုများ နှင့်ပျူ စောထီးများ ကို (Mi 17) သယ်ယူပို့ ဆောင်ယာဉ်(၂)စီးဖြင့် ၄ ကြိမ်တိုင် အင်အားဖြည့်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



