တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

မတ်လ(၄)ရက်၊ ၂၀၂၃ ခုနှစ်

အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအင်အား (၅၀) ခန့်သည် လှေဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာသို့ရောက်ရှိလာပြီး ထိုမှတဆင့် ကား(၃)စီးဖြင့် ညောပြင်ကျေးရွာကို ဖြတ်ကာ အောက်ကျောက်ဝပ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာလမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ နေအိမ် (၅)လုံး ၊ ကား(၁)စီး နှင့် သုံးဘီး(၁)စီး စသည့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လောင်းလုံမြို့နယ် ၊ အောက်ကျောက်ဝပ်ရွာ မြောက်ကျောင်း (ဘုန်းကြီးကျောင်း) ၌ ပုန်းရှောင်နေသည့် အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ရွာသား(၆)ဦးကို ဖမ်းဆီးပြီး (၅)ဦးအား ကျေးရွာဘောလုံးကွင်း အနီး တစ်နေရာတည်းတွင် သတ်ဖြတ်ထားခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေး တည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေး အရေးယူ နိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။