စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်၊မိုးတားလေးကျေးရွာနှင့် တိုက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှလေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်၊မိုးတားလေးကျေးရွာနှင့် တိုက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှလေကြောင်းတိုက်ခိုက်မှု

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

မြစ်ကြီးနားလေတပ်စခန်းမှ အကြမ်းဖက်စစ်အုပ်စု လေယာဉ် (၃) စီး ဖြင့် (၂) ကြိမ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်ဒေသခံပြည်သူ အနည်းဆုံး (၆) ဦးသေဆုံးခဲ့ရပြီး (၃၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
 
ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများထဲတွင် အသက် (၅၀) အထက် သက်ကြီးရွယ်အို (၃) ဦးပါဝင်ခဲ့ပြီး (၁၈) နှစ်အောက် ကလေးငယ်တစ်ဦးလည်းပါဝင်ခဲ့ပါသည်။
 
အဆိုပါဖြစ်စဉ်သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်စုံတစ်ရာမရှိပါဘဲ ပြည်သူလူထု၏ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။