“End Violence Against Women and Girls” Campaign သို့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးတက်ရောက်




Previous
Next
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း ပြသသည့် “ ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း” အစီအစဉ်တစ်ခုဖြစ်သော “End Violence Against Women and Girls” Campaign ကို Victorian Youth Myanmar မှ ဦးစီး၍ ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ State Library of Victoria forecourt ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါကမ်ပိန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် က မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်မှုတို့ကို နှစ်ပေါင်းများစွာ ခံစား နေခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များလည်း များစွာရှိ ကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် လူ့အခွင့်အရေးကို တန်ဖိုးထား၍ အမျိုးသမီးများကို လေးစားကာ တန်းတူညီမျှအခွင့်အရေးများ ဖန်တီးပေးနေကြပြီဖြစ်သော်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ ယခုအချိန်ထိ ခွဲခြားဆက်ဆံခံရမှု၊ လိင်အကြမ်းဖက်မှု၊ ဖိနှိပ်ခံရမှုတို့ကို ခံစားနေကြရဆဲဖြစ်ကြောင်း၊ ထိုဖြစ်ရပ် များကို ရပ်တန့်နိုင်ရန်မှာ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်နေမှုများကို နိုင်ငံတကာက သိရှိပြီး ပူးပေါင်းပါဝင်မှုများ လိုအပ်ကြောင်း၊ ထိုကဲ့သို့ မိမိတို့နိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံနေရသည်များကို နိုင်ငံတကာမှ ပိုမိုသိရှိလာစေရန် ယခု “၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း”တွင် လူတိုင်းပါဝင်ကြရန် တိုက်တွန်းလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။
အဆိုပါ “End Violence Against Women and Girls” Campaign သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ Australian Labor Party, Victoria မှ လွှတ်တော်ကိုယ်စားလှယ် Meng Heang Tak၊ life-long peace activist နှင့် ၂၀၀၇ ခုနှစ်၏ UN outstanding women in Buddhism ဆုရှင် ဖြစ်သူ Jill Jameson နှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဩစတျေးလျနိုင်ငံရောက် မြန်မာပြည်သူပြည်သားများ တက်ရောက်ခဲ့ကြပါသည်။
ဆက်စပ်အကြောင်းအရာများ