အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ/ လူထုတွေ့ဆုံပွဲသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး တက်ရောက်


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာ၌ တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများနှင့်ပတ်သတ်သည့် အွန်လိုင်းအခြေပြု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။
အလုပ်ရုံဆွေနွေးပွဲတွင် ဒုတိယဝန်ကြီး က အာဆီယံလူထုတွေ့ဆုံပွဲ၌ အနာဂါတ် ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတော် တည်ထောင်ရာ၌ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကူညီနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ “Protecting Civic Society and Ethnic Minorities in a Federal Democratic Myanmar – Challenges and Opportunities” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အွန်လိုင်းအခြေပြု ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ဆွေးနွေးခဲ့ပြီး ဦးသက်ဆွေဝင်း (Synergy)၊ ဒေါ်ခင်ဥမ္မာ (Progressive Voice) နှင့် Debbie Stothard (ALTSEAN-Burma) တို့လည်း ပါဝင်ခဲ့ကြပါကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲမှာ အာဆီယံလူထုတွေ့ဆုံပွဲ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာ၌ တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိစ္စအား အဓိကထား ဆွေးနွေးသွားခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ