အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲ သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲ သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) တွင် ဒေါက်တာမီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အထူးဧည့်သည်အဖြစ်တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူများက အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားအင်အားစုများ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်တပ်ပေါင်းစုအသွင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေမှုအပေါ်သဘောထားအမြင်၊ မြေပြင်တွင် ဖြစ်ပွါးနေသည့် အရပ်သားပြည်သူအပေါ်အကြမ်းဖက်မှုများ အား ကိုင်တွယ်ဖြေရှင်းနေပုံတို့နှင့် ပတ်သက်၍ မေးမြန်းလာမှုအပေါ် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများအား ရင်းနှင်းပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ဖြေကြားခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။