UN Plaza တွင် “United Nations Day of Action for Myanmar/Burma ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်
အောက်တိုဘာ – ၃၁
“United Nations Day of Action for Myanmar/Burma” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို UN Plaza ၌၂၀၂၄ ခုနှစ်၊အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပိတ်စကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က လူ့အခွင့်အရေးကောင်စီထံတင်ပြခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ Executive Director of the women’s Peace Network ဖြစ်သူ ဒေါ်ဝေဝေနု၊ Former President of the Kachin Alliance Moderatorဖြစ်သူ Gum San Nsang တို့က မြန်မာနိုင်ငံ၏ လက်ရှိလူအခွင့်အရေးအခြေအနေ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် လုပ်ဆောင်နေမှုများကို တင်ပြပြောဆိုခဲ့သည်။
ထို့နောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြည့်စုံစွာ ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအား Burma Advocacy Group က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာများ


