လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံ

 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ နှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စု၀န်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ လက်ရှိကြိုးပမ်းလုပ်ဆောင်နေမှုများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။

အီတလီ အပါအ၀င် နိုင်ငံတကာအစိုးရများနှင့် တွေ့ဆုံပြီးအကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ အရေးယူခြင်း၊ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း၊ လက်နက်တင်ပို့မှုများ ဖြတ်တောက်ခြင်းနှင့် ဥပဒေကြောင်းအရအရေးယူနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ပါသည် ။

နိုင်ငံရပ်ခြားတွင်နေထိုင်ကြသော်လည်း မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲ အပေါ် တတ်နိုင်သည့်ဘက်က ယခုအချိန်အထိ စဥ်ဆက်မပြတ် ပါ၀င်နေကြသည့် အပေါ် ကျေးဇူးတင်ကြောင်းနှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းစေမည့် အဆုံးသတ်တိုက်ပွဲတွင် အောင်မြင်သည့်အထိ ဆက်လက်ပါ၀င် ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။