ပြည်ထောင်စုဝန်ကြီးနှင့် အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူများတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးနှင့် အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူများတွေ့ဆုံ

အောက်တိုဘာ – ၁၈
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino နှင့် အီတလီနိုင်ငံ ၊ ရောမမြို့ရှိလွှတ်တော်အဆောက်အဦဧည့်ခန်းမ၌ အောက်တိုဘာ (၁၈ )ရက်နေ့တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်အုပ်စု ၏ အာဏာ၊ နယ်မြေ၊ စိတ်ဓါတ် ကျရှုံးသော အခြေအနေများ နှင့် ဒီမိုကရေစီ အင်အားစုများအကြား လက်တွဲလုပ်ဆောင်နေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရာယ်ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ကျဉ်းနိုင်မည်မဟုတ်ကြောင်း ဆွေးနွေးခဲ့သည် ။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် Hon. Piero Fassino မှ အီတလီအောက်လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တရပ် ထုတ်ပြန်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။