၉ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးတွင် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စတိုးမြှင့်လုပ်ဆောင်ရေးအတွက်ဆွေးနွေး
စက်တင်ဘာ ၂၆
တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စတိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနှင့် IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် သံသရာမှ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ တရားစီရင်ရေးယန္တရားစနစ်အောက်မှ ပိုမိုဆန်းသစ်သည့် နည်းလမ်းသစ်တွေ ရှာကြံဖို့လိုကြောင်း၊ အရင်းအမြစ်တွေကို ဒီထက်ပိုပြီး ထိထိမိမိရှာဖွေကာ အသုံးပြုတဲ့နေရာမှာ ထိရောက်မှုပုံစံနဲ့ တိုင်းတာဖို့လိုပါကြောင်း၊ အသွင်ကူးပြောင်းခြင်းဆိုင်ရာ တရားမျှတမှုကို ပြည်တွင်းမှာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ နစ်နာသူဗဟိုပြု လုပ်ငန်းစဉ် ပုံစံမျိုးဖြင့် ပြည်တွင်း/ပြည်ပမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှုအခန်းကဏ္ဍ ကလည်းအရေးကြီးပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်စပ်အကြောင်းအရာများ


