လူ့အခွင့်အရေး ဒုတိယဝန်ကြီး နှင့်ကနေဒါလွှတ်တော် Parliamentary Friends of Burma Group တို့တွေ့ဆုံ

လူ့အခွင့်အရေး ဒုတိယဝန်ကြီး နှင့်ကနေဒါလွှတ်တော် Parliamentary Friends of Burma Group တို့တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး နှင့်အဖွဲ့သည် ကနေဒါလွှတ်တော် Parliamentary Friends of Burma Group ၏ ပူးတွဲဥက္ကဌများဖြစ်သော Hon. Adam Chambers နှင့် Garnett Genius တို့နှင့် ၂၀၂၄ခုနှစ် မေလ (၂၃) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ Parliament Hill ခန်းမတွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်‌ရေး နှင့် တရားမျှတမှု ဖော်ဆောင်‌ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး၊ ပဋိပက္ခဒေသများ၏ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ငြိမ်းချမ်းရေး ၊လုံခြုံရေးအတွက် ပံ့ပိုးကူညီရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် “မြန်မာနိုင်ငံအတွက် အများပါဝင်မှုရှိသော ဒီမိုကရေစီ အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲသို့ အထက်လွှတ်တော်ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကနေဒါရောက် မြန်မာပြည်သူများ၊ ကနေဒါ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။