ပြည်ထောင်စုဝန်ကြီး ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့တွင် လူထုတွေ့ဆုံပွဲ နှင့် ဆွေးနွေးပွဲပြုလုပ်
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့၊ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ် (University of British Columbia) တွင် “ဒီမိုကရေစီ ထွန်းကားသော နှင့် ခွဲခြားမှုကင်းရှင်းစွာဖြင့် အများပါဝင်နိုင်သော မြန်မာပြည်ကို ပုံဖော်ခြင်း (Charting Democratic and Inclusive Myanmar)” အမည်ဖြင့် လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါနိုင်ငံရောက် မြန်မာတိုင်းရင်းသားအင်အားစုများ၊ သုတေသီများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီးသိရှိလိုသည်များအားအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်စပ်အကြောင်းအရာများ


