လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂ ပြင်သစ်နိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Mr. Jérôme Bonnafont တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂ ပြင်သစ်နိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Mr. Jérôme Bonnafont တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် ကုလသမဂ္ဂ ပြင်သစ်နိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Mr. Jérôme Bonnafont နှင့် မတ်လ (၅) ရက်နေ့တွင် ဂျီနီဗာနိုင်ငံ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်မှုများကြောင့်ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ အထူးသဖြင့် စစ်မှုထမ်းဥပဒေကို တရားမဝင်အသက်သွင်းလုပ်ဆောင်လာမှုကြောင့် လူငယ်ထုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းကိုအပေါ် သက်ရောက်လာနိုင်သည့်အချက်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်၊ ကြိုးပမ်းခဲ့မှုများကို ဆွေးနွေးခဲ့သည်။

ထို့ပြင်ပြင်သစ်နိုင်ငံအား မြန်မာနိိုင်ငံအနေဖြင့်လူ့အခွင့်အရေးပြည့်ဝသော ဖက်ဒရယ်ဒီမိုကစီတည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် (၂၆၉၉) အား ပိုမိုတွန်းအားပေးဆောင်ရွက်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအား နည်းပညာ၊ ဘဏ္ဍာရေး၊နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများတိုက်ရိုက်ကူညီရန်တို့ကို တောင်းဆိုခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။