ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ သည့် သူရဲကောင်းများအား အောက်မေ့တမ်းတသည့် အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး တက်ရောက်

ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ သည့် သူရဲကောင်းများအား အောက်မေ့တမ်းတသည့် အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး တက်ရောက်

မြန်မာ့အရေးကို တက်ကြွလှုပ်ရှားနေသည့် ကိုးရီးယား အရပ်ဖက် အဖွဲ့အစည်းများ (NGO) များက နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့သည့် သူရဲကောင်းများအား အောက်မေ့တမ်းတမှုဖြင့် ကျင်းပသည့် အခမ်းအနားကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် (၁.၂.၂၀၂၄) ရက်နေ့ ၌ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် နွေဦးတော်လှန်ရေး အတွင်း အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ကျဆုံးသူရဲကောင်းပြည်သူများ၏ ဓာတ်ပုံများကို လူထုမြင်ကွင်းတွင် ပြသ၍ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက တက်ရောက်ဆုတောင်း စကားပြောကြားမှုများ ပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဖိတ်ကြားမှုဖြင့် တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း မြင့်မြတ် စွာ ကျဆုံးသွားသည့် ပြည်သူများသည် သမိုင်းဝင်သူရဲကောင်းများ ဖြစ်ပါကြောင်း၊ အဆိုပါ သူရဲကောင်များအား အောက်မေ့တမ်းတမှုဖြင့် ယခုကဲ့သို့ အသိအမှတ် ပြုခြင်းအပေါ်များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ကိုးရီးယားနိုင်ငံ တွင်လည်း မိမိတို့ နိုင်ငံကဲ့သို့ တော်လှန်ရေးအတွင်း ကျဆုံးသွားသည့် ပြည်သူများရှိသည်ကို သိရှိရသည့်အတွက် စာနာမိပါကြောင်း တို့အား ပြောကြားခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။