Professor Sean Turnell ၏ An Unlikely Prisoner စာအုပ်မိတ်ဆက်ပွဲသို့ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်တက်ရောက်

Professor Sean Turnell ၏ An Unlikely Prisoner စာအုပ်မိတ်ဆက်ပွဲသို့ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်တက်ရောက်

Professor Sean Turnell ၏ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံရသော ရက်ပေါင်း ၆၅၀ အတွေ့အကြုံအား စာအုပ်အဖြစ်ပြန်လည်ရေးသားထုတ်ဝေသည့် ” An Unlikely Prisoner” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ဩစ​တြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ၂၆.၁၁.၂၀၂၃ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အမှာစကားတွင် Professor Sean Turnell အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် အကျိုးပြုမှုများစွာပြုခဲ့ရုံသာမက ပြည်သူများနှင့်တသားတည်းရပ်တည်ပေးခဲ့သည့် မြန်မာနိုင်ငံအတွက် မိတ်ဆွေစစ်မိတ်ဆွေကောင်း တဦးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအကျိုးအတွက် အသက်ကိုပင်စွန့်လွှတ်မတတ် အနစ်နာခံပေးခဲ့တဲ့အတွက် များစွာကျေးဇူးတင်ရှိပြီး အကြိမ်ကြိမ်အခါခါ လေးစားဦးညွတ်မိပါကြောင်း၊ မြန်မာနိုင်ငံ အပေါ် တိုးတက်မှုနှင့်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးခဲ့သည့် မိတ်ဆွေနှင့်အတူ ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိမည့် ဖက်ဒရယ်ပြည်ထောင်စုအသစ် ကိုဆက်လက် လက်တွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း တို့ကို ထည့်သွင်း ပြောကြားခဲ့ပါသည်။
 
Professor Sean Turnell သည် အဆိုပါ စာအုပ် ရောင်းချရငွေများကိုလည်း မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအပါအဝင် လိုအပ်သောနေရာများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။