ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် သမ္မတရုံးအကြံပေးနှင့်ပြောရေးဆိုခွင့်ရှိသူတို့ ကနေဒါရောက်မြန်မာပြည်ဖွား ရိုဟင်ဂျာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် သမ္မတရုံးအကြံပေးနှင့်ပြောရေးဆိုခွင့်ရှိသူတို့ ကနေဒါရောက်မြန်မာပြည်ဖွား ရိုဟင်ဂျာ ပြည်သူများနှင့် တွေ့ဆုံ

ကနေဒါနိုင်ငံ၊ကစ်ချနာမြို့ရှိ Rohingya Center Canada ၏ဖိတ်ကြားမှုဖြင့် ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်း၊ဒုတိယဝန်ကြီး၊ဦးအောင်ကျော်မိုးနှင့် သမ္မတရုံးအကြံပေးနှင့်ပြောရေးဆိုခွင့်ရှိသူ၊ ဦးကျော်ဇော်တို့သည် ကနေဒါရောက်မြန်မာပြည်ဖွား ရိုဟင်ဂျာ ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ Center ၏ဦးဆောင်တည်ထောင်သူတဦးဖြစ်သည့် Mr. Jaivet Ealom မှ ကြိုဆိုစကားနှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည် ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းက အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာမူဝါဒရေးရာကိစ္စရပ်များနှင့် နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲရေး ဆောင်ရွက်နေမှုကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး၊ဦးအောင်ကျော်မိုးကလည်း ရိုဟင်ဂျာများနေရပ်ရင်းကို မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာပြန်နိုင်ရေးနှင့် စပ်လျဉ်းသည့် အကြံပြုချက်များစုစည်းနေမှုအကြောင်း ရှင်းလင်းခဲ့သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ၊ ဦးကျော်ဇော်အနေနှင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ရိုဟင်ဂျာ ပြည်သူများအပါအဝင် လူနည်းစုတိုင်းရင်းသားများနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် ဥပဒေပြင်ဆင်ဖော်ဆောင်ခြင်းကိစ္စရပ်များအား သမ္မတရုံးအနေနှင့်လည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။