ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ
အောက်တိုဘာလ ၂၈ ရက် ၊ ၂၀၂၃ ခုနှစ် ။
ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် မြန်မာစံတော်ချိန် (၁၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ ၊ အခက်အခဲများ နှင့် စိန်ခေါ်မှုများကို ဦးဆောင်ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ”ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာတွင် အရေးယူဆောင်ရွက်မှု အခြေအနေများ၊ မူဝါဒရေးရာ ဆောင်ရွက်ချက်များ၊ ပညပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ တိုင်ကြားမှုများအပေါ် စိစစ်ဆောင်ရွက်နိုင်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းဆိုင်ရာကိစ္စရပ်များ” အား ဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သိရှိလိုသည်များ၊ တင်ပြလိုသည်များကို ဆွေးနွေးမေးမြန်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးစကားပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဆက်စပ်အကြောင်းအရာများ


