ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဦးအောင်ကျော်မိုး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အရှေ့တီမော သမ္မတနှင့် တွေ့ဆုံ
ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဦးအောင်ကျော်မိုး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမော သမ္မတ Jose Ramos-Horta နှင့် နယူးယောက်မြို့တွင် ၂၁.၉.၂၀၂၃ ရက်နေ့ (ဒေသစံတော်ချိန် ) ၌ တွေ့ဆုံ၍ မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ဆက်လက်ပူးပေါင်းလုပ်ဆောင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန်ရောက်ရှိနေသော တီမောသမ္မတသည် မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် ထိရောက်သည့် အကူညီများ အမြန်ဆုံး ရရှိစေရေး နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုချက်များ အား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်းသိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့သည် ၂၀.၉.၂၀၂၃ ရက်နေ့ (ဒေသစံတော်ချိန်)ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့်နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ


