NUG ဝန်ကြီးများ အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံ

NUG ဝန်ကြီးများ အမေရိကန်ရောက် မြန်မာပြည်သူများနှင့် တွေ့ဆုံ

ဇူလိုင်လ ၁၆ ရက်(ဒေသစံတော်ချိန်)
 
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့သည် တက္ကဆက်ပြည်နယ် ဒါးလက်၊ ဟူစတန်နှင့် အော်စတင်မြို့ရှိ မြန်မာ Community များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ၌ နွေဦးတော်လှန်ရေးတွင် ပြည်ပရောက် မြန်မာပြည်သူများ၏ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာတရားစီရင်မှုစနစ် (Universal Jurisdition)တွင် အရေးယူနိုင်ရန် ဆောင်ရွက်ရာမှာ အမေရိကန်ရောက်မြန်မာပြည်သူများအနေအဖြင့် မိမိမဲဆန္ဒနယ် ရွေးကောက်ခံကိုယ်စားလှယ်များမှတဆင့် စည်းရုံးလှုံ့ဆော်မှုများဆောင်ရွက်ရန်၊ ဆောင်ရွက်ရာမှာ မြန်မာပြည်သူများ၏ မတူကွဲပြားမှုများကို အားသာချက်အနေနဲ့ သရုပ်ပြပြီး စုပေါင်းအင်အားအသုံးပြုရန်တိုက်တွန်းအကြံပေးခဲ့ပြီး လူ့အခွင့်အရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။