NUG ကိုယ်စားလှယ်အဖွဲ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့အရေးဆွေးနွေး
အောက်တိုဘာ – ၁၆
ချက်သမ္မတနိုင်ငံသိုရောက်ရှိနေသော NUG ကိုယ်စားလှယ်အဖွဲသည် အောက်တိုဘာ ၁၆ ရက်နေ့က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Jan Lipavsky တွေ့ဆုံခဲ့သည်။
ထိုသိုတွေ့ဆုံရာတွင် ချက်သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဒီမိုကရေစီအရေးတွင် အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုထက်ပိုမိုပြီး တနိုင်ငံခြင်းဖြစ်စေ၊ ဥရောပနိုင်ငံများနှင့် ပူးပေါင်း၍ဖြစ်စေ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ဒီမိုကရေစီအရေးအတွက်ဆက်လက်ပြီး ကြိုးပမ်းသွားရန် တိုက်တွန်းခဲ့ပါသည်။
ချက်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအမြဲတမ်းအားပေးထောက်ခံလျက်ရှိပြီး၊ ဆက်လက်ပြီးလည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတောင်းဆို လှုပ်ရှားသူများအတွက် ရပ်တည်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်စပ်အကြောင်းအရာများ


