“Humanitarian Fundraising For Communities of Burma” ရန်ပုံငွေပွဲသို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက် အမှာစကား ပြောကြား



“Humanitarian Fundraising For Communities of Burma” ရန်ပုံငွေပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ Wyndham Community and Education Centre ၊ Eco Lite နှင့် AMDM and Communities of Burma တို့က ကြီးမှူးကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က တက်ရောက် အမှာစကား ပြောကြားခဲ့ ပါသည်။
ရန်ပုံငွေပွဲတွင် ဒုတိယဝန်ကြီးက စစ်အာဏာရှင်စနစ်အား ၂၁ လကျော်ကြာ ကြံ့ကြံ့ခံ တော်လှန်နေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့နှင့် ပတ်သက်၍ မည်မျှ အလေးအနက်ထားသည်ကို တွေ့နိုင်ကြောင်း၊ အတိတ်က တိုင်းရင်းသားလူနည်းစု ညီအကို မောင်နှမများ ခံစားခဲ့ရသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်တားဆီးရန် ကျွန်ုပ်တို့၏ ပျက်ကွက်ခဲ့မှုများက ယခုအခါ စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံနှင့်အဝှမ်း ခံစားနေကြရသည့် အဖြစ်သို့ ရောက်စေခဲ့သည်ကို လက်ခံရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ အားလုံး ပူးပေါင်းပါဝင်နိုင်မှု၊ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးနိုင်မှုတို့ ပါဝင်သည့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးများနှင့် လွတ်လပ်ခွင့် တို့အတွက် မြန်မာပြည်သူများ၏ မဆုတ်မနစ် ကြိုးပမ်းနေမှုများသည် တစ်ကမ္ဘာလုံးက စံနမူနာယူစရာဖြစ်ကြောင်း၊ ဩစတေးလျနိုင်ငံအစိုးရနှင့် လွှတ်တော်အမတ်များ၏ မြန်မာပြည်သူများနှင့် အတူ ရပ်တည်မှုကို ပြသခြင်းနှင့် စစ်အာဏာရှင်များကို အပြစ်ပေးရန် အားထုတ်မှုများသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် အရေးပါသော ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ခွင့်နှင့် စံနှုန်းများကို ကာကွယ်ရန် ၎င်းတို့ပြသခဲ့သော ညီညွတ်မှုနှင့် စိတ်အားထက်သန်မှုတို့အတွက် ကျေးဇူးတင်ရှိကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
အဆိုပါရန်ပုံငွေပွဲသို့ Labour Party ၊ Victoria Government Treasure မှ လွှတ်တော်အမတ် Hon. Tim Pallas ၊ LaLor Party ၊ Chief Government Whip ဖြစ်သူ လွှတ်တော်အမတ် Joanne Ryan ၊ Wyndham Community and Education Centre ၏ CEO ဖြစ်သူ Dr. Jennie Barrera နှင့် Karen and Chin Community မှ ဦးဆောင်သူများ လည်း တက်ရောက်ခဲ့ကြပါသည်။
ဆက်စပ်အကြောင်းအရာများ