အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဥရောပပါလီမန် ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဥရောပပါလီမန် ကြေညာ

 
ဒီဇင်ဘာ ၁၀ ၊ ၂၀၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကို ဥရောပပါလီမန်က တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်တယ်လို့ ဥရောပပါလီမန်က ကြေညာပါတယ်။
 
“မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဥရောပပါလီမန်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၏ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါသည်။” ဆိုပြီး ဥရောပပါလီမန်က သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားပါတယ်။
 
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဥရောပပါလီမန် ဒုတိယဥက္ကဌ Heidi Hautala နဲ့တွေ့ဆုံခဲ့ပြီး မစ္စ Heidi Hautala ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဥရောပပါလီမန်အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဥရောပပါလီမန်မှာ ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများစွာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
 
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအလေးမထားတာကြောင့် ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရသည်သာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာသိရှိထားဖို့၊ ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေပိုပြီးလုပ်ကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေကနေ တဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
 

ဆက်စပ်အကြောင်းအရာများ