ပြည်‌ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံမွတ်စလင်အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး

Minister meets muslim organizations of Myanmar

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း နှင့် မြန်မာမွတ်စလင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို ယနေ့ မေလ ၂၃ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဌာန အကြံပေး ဘုတ်အဖွဲ့ဝင် ဒေါ်မြင့်မြင့်စန်းလည်း တက်ရောက်ခဲ့ပါသည်။အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့် အညီ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတမှုဖော်ဆောင်သည့် အခါတွင် မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာကို ကိုးကွယ်သည် ဖြစ်စေ အထက်ပါ မူဝါဒများနှင့် အညီ လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဘာသာရေးအရလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို မလေးစားသည့်အချက်များရှိနေသည်ကို ယခင်ကတည်းက သဘောပေါက်မိပါကြောင်း၊ သို့ဖြစ်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို လေးစား၊တန်ဖိုးထားမှုများ တိုးတက်လာအောင် ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာမွတ်စလင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြီးခဲ့သည့် အစ်ဒ်ပွဲတော်ရက်မြတ်တွင် ပြည်ထောင်စုဝန်ကြီး စတင်ရေးသားခဲ့သည့် နှုတ်ခွန်းဆက်‌ ပြောကြားချက်ကို မိမိတို့ အနေဖြင့် အထူးကျေနပ်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ NUG အစိုးရအဖွဲ့ဝင် အခြားသောဝန်ကြီးများ နှင့် CRPH တို့ကလည်း နှုတ်ခွန်းဆက် ဆုတောင်းရေးသားခဲ့ခြင်းများ အပေါ် အထူးအားတက်မိပါကြောင်း၊ နှစ်ပေါင်းများစွာတည်ရှိခဲ့ကြသည့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တို့၏ ပွဲတော်အတွက် အခုကဲ့သို့ အစိုးရတစ်ရပ် အနေဖြင့် လေးစား အသိမှတ်ပြုပြီး အမှတ်တရ နှုတ်ခွန်းဆက်ပြောကြားခြင်းမှာ ပထမဦးဆုံးဖြစ်သည့်အတွက် မိမိတို့ မြန်မာမွတ်စလင်များက ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့်ပတ်သက်၍ ကြိုးပမ်းလုပ်ဆောင်မှုများရှိသော်လည်း မွတ်စလင်များအပေါ် အထင်အမြင်လွဲမှားခြင်း၊ သတင်းစကားမှားယွင်းစွာ ဖြန့်ဝေမှုများကြောင့် မုန်းတီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အစိုးရ၏ လုပ်ဆောင်မှုအပြင် ဘာသာရေးဆိုင်ရာ အမည်ခံအသင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ယခင်ကတည်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဘာသာအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု ပျောက်ဆုံးပြီး တစ်ယောက်နှင့်တစ်ယောက် မုန်းတီးမှုများကို မြင့်မားလာအောင် စနစ်တကျစီစဥ်လုပ်ဆောင်ခဲ့ခြင်းများကြောင့် ပိုမိုခက်ခဲသည့်အခြေအနေများစွာကို ကြုံတွေ့ ခဲ့ရပါကြောင်း၊ ယင်းကိစ္စရပ်များကို ဖြေရှင်း လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊NUG ကို ယုံကြည်အားကိုးမျှော်လင့်မိပါကြောင်း၊ NUG အစိုးရအနေဖြင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် ဘာသာရေးအသင်းအဖွဲ့များကြား၊ လူမျိုးများကြား ယခုထက်ပိုပြီး ချစ်ကြည်ရင်းနှီးမှု၊အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် လုပ်ဆောင်ပေးပါရန် တိုက်တွန်းပြောဆို ဆွေးနွေးခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖိနှိပ်ထားသည့် ဥပဒေများအပါအဝင် မတရားသည့်ဥပဒေများကို ပယ်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း အကာအကွယ်ပေးပြီး ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံ၍ ခွဲခြားမှုများကို တားဆီးရန်အတွက် ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥပဒေကို ပြောင်းလဲရုံတင်မကဘဲ ပြည်သူများအကြား ဥပဒေကဲ့သို့ လက်ခံကျင့်သုံးနေသည့် အချို့သော ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအစဥ်အလာအစွဲ၊ ဒေသန္တရ အမိန့်များကိုလည်း ပယ်ဖျက်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စများကို လုပ်ဆောင်သည့်အခါ အစိုးရအပိုင်းအနေဖြင့် ဦးတည် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် လိုအပ်သည့် အပြင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၏ အနှစ်သာရကို သဘောပေါက်နားလည်စေရန်အတွက် အသိပညာပေးမှုများကို ဘာသာရေး အသင်းအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များကလည်း ပူးပေါင်း လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ပူးပါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် “၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း” သို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် “၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း” သို့

Read More »

CRPH ၊ NUCC ၊ NUG တို့အား သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေး

ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သည့် ရန်ပုံငွေဈေးရောင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း

Read More »