အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် ဥရောပနိုင်ငံများရှိ NUG/CRPH Supporter လုပ်ငန်းအဖွဲ့များ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ဘယ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန် နှင့် ဆွီဒင် နိုင်ငံတို့ မှ NUG and CRPH Supporter Working Group အဖွဲ့ဝင်များတို့ မေလ ၂၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး နော်ထူးဖော၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးနှင့် ဒုတိယဝန်ကြီး ဒေါ်အိသင်ဇာမောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင််စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ဗဟန်းထန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးဇော်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး စတယ်လာတို့ တက်ရောက်ခဲ့ပါသည်။ ဘယ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန် နှင့် ဆွီဒင် နိုင်ငံတို့မှ စုစုပေါင်း လူ (၄၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။
လူသားချင်းစာနာမှု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် NUG အနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေကြသော မြန်မာနိုငံငံသားနှင့်တွေ့ဆုံမှုများကို အမြဲကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အယူအဆ၊ အမြင်များကို လက်ရှိ စစ်အာဏာရှင်ပြုတ်ကျရေး ဆန့်ကျင်မှုတိုက်ပွဲများတွင် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်များနှင့် CDM ဝန်ထမ်းများကို အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနေသည်ကိုလည်း မေးမြန်းခဲ့ကြပြီး နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာအစိုးရများ နိုင်ငံအတွင်းရှိ NGO များနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများ အားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် NUG အနေဖြင့် အကြံဉာဏ်များ၊ လက်တွဲဆောင်ရွက်နိုင်မည့် နည်းလမ်းများ ချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ဆက်လက်ပြီး NUG အနေဖြင့် နိုင်ငံတကာတွင် ယခုထက်ပိုမို၍ ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ရေးအတွက် ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကိုဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပနိုင်ငံများဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ကလည်း ချက်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို မျှဝေရှင်းလင်းပြောကြားခဲ့ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် NUG အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြဲတမ်းလမ်းဖွင့်ထားသည့်အပြင် ဝေဖန်ထောက်ပြမှုများကိုလည်း ကြိုဆိုပါကြောင်း၊ မတူညီသောအမြင်များဖြင့် ကောင်းမွန်သည့် ထောက်ပြဝေဖန်ချက်များ အကြံပြုချက်များရရှိရေးအတွက် ယခုကဲ့သို့တွေ့ဆုံမှုများပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
