အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေး
မေလ ၁၆၊ ၂၀၂၁ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ဖွဲ့စည်းထားသော အထူးအကြံပေးကောင်စီတို့ ယမန်နေ့က အစည်းအဝေးတရပ်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးအား NUG မှ ဒုတိယသမ္မတကြီး ဒူဝါလရှီးလ၊ ၀န်ကြီးချုပ်မန်း၀င်းခိုင်သန်းတို့နှင့်အတူ NUG ၏ ဖယ်ဒရယ်ပြည်ထောင်စုရေးရာ၀န်ကြီးဌာန ၀န်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒု၀န်ကြီးမိုင်း၀င်းထူး၊ နိုင်ငံခြားရေး၀န်ကြီးဌာန ၀န်ကြီးဒေါ်ဇင်မာအောင်နှင့် ဒု၀န်ကြီးဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန ၀န်ကြီးဦးအောင်မျိုးမင်းနှင့် ဒု၀န်ကြီးဗဟန်းထန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ၀န်ကြီးဒေါက်တာဆာဆာနှင့် ဒု၀န်ကြီးခေါင်နော၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန ၀န်ကြီးဒေါက်တာတူးခေါင်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ၀န်ကြီးနော်ဆူဇန်နာလှလှစိုး၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနမှ အကြံပေးဘုတ်အဖွဲ့၀င် ဒေါ်ြမင့်မြင့်စန်းနှင့် အထူးအကြံပေးကောင်စီဖြစ်သူ ယန်ဟီး လီး၊ ခရစ်စ် ဆီဒိုတီ၊ မာဇူကီ ဒါရုဆမန်တို့ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲအား ဒုတိယသမ္မတကြီးနှင့် ၀န်ကြီးချုပ်တို့က အဖွင့်အမှာစကားများပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အထူးအကြံပေးအဖွဲ့မှ သူတို့၏ မြန်မာနိုင်ငံလတ်တလောအခြေအနေကို သုံးသပ်ဆွေးနွေးပေးသွားယုံတင်သာမက တက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း အထူးအကြံပေးအဖွဲ့က တရင်းတနှီးပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပါသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
