ကိုရီးယားနိုင်ငံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေး အစိုးရနှင့် ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံ၊ဒီမိုကရက်တစ်လွှတ်တော်အမတ်များသည် ယနေ့ နေ့လည်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်ဇင်မာအောင်က ဗီဒီယိုမိန့်ခွန်းဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဦးအောင်မျိုးမင်း၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်အိသဉ္ဇာမောင် နှင့် မြန်မာ့နွေဦးတော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါက်တာ တေဇာဆန်းတို့ တက်ရောက်ခဲ့ပြီး ကိုရီးယားပြည်သူ့သမ္မတနိုင်ငံဘက်မှ ကိုရီးယားဒီမိုကရက် ပါတီ လွှတ်တော်ကိုယ်စားလှယ် (၈) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ကိုးရီးယားအစိုးရအနေဖြင့် လုပ်ဆောင်သင့်သည့် အကြောင်းအရာများကို အကြံပြုဆွေးနွေးခဲ့ပါသည်။ ကိုရီးယား နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များကလည်း လက်ရှိလူ့အခွင့်အရေးချိုးဖောက်နေသော နိုင်ငံများအား အပြစ်ပေးအရေးယူနိုင်သည့် ဥပဒေတစ်ခု ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအပေါ်ဆက်လက် ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအားပေးပြီး ရှေ့ဆက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုးရီးယားနိုင်ငံရောက်မြန်မာအဖွဲ့ အစည်းများ ကလည်း ၎င်းတို့၏ ဒီမိုကရေစီအရေး ဆောင်ရွက်နေမှုများကိုလည်း တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ကိုးရီးယားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များ ဖြစ်သည့် ဆောဟွန်၊ ယီနာ့ဂယောင်း၊ ယီဆန်မင်၊ ကင်းမြောင်ကျု၊ ယီ၀ါန်အုတ်၊ ကင်းမြူဒေါ့၊ ကင်းဟန်ဂျောင်၊ ဘာ့ယောင်စွန် နှင့် ဆောမြောင်ဆော့ နှင့် ကိုးရီးယားနိုင်ငံရောက် မြန်မာအဖွဲ့ အစည်း ၁၈ ဖွဲ့ တို့တက်ရောက်ခဲ့ပါသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
