မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိနှင့် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ Mr. Tom Andrews ဦးဆောင်သည့် အဖွဲ့တို့ ယနေ့ တွေ့ဆုံခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အကြံပေး ဒေါ်မြင့်မြင့်စန်းတို့ တက်ရောက်ပြီး တဖက်မှ Mr. Tom Andrews နှင့် ၎င်း၏ ဥပဒေအရာရှိ ဖြစ်သူတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် Mr. Tom Andrews က မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေးအခြေအနေများအပေါ် စီမံဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဥ် အကြောင်းကို တင်ပြခဲ့ပြီး လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအထူးအရာရှိ၏ လုပ်ပိုင်ခွင့်နှင့်အညီ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့တွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဥ်များကို ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆွေးနွေးရာတွင် NUG အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ယခုထက်ပိုမိုပြီး လေးစားလိုက်နာသည့် အစိုးရဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ကမ္ဘာက အာရုံစိုက်နေသည့် အချို့သော အကြောင်းအရာများနှင့် ပတ်သက်ပြီး ရပ်တည်ချက် မည်ကဲ့သို့ထားရှိသည်ကို မကြာမီအချိန်အတွင်း တိကျခိုင်လုံ ပြည့်စုံသည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တချိန်တည်းတွင် လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မမေ့မပျောက်ဘဲ အမှန်တရားကို ရှာဖွေနိုင်ရန် နှင့် တရားမျှတမှုပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်များလုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းအရာရှိက မိမိတို့ ၏ လုပ်ပိုင်ခွင့်နှင့်အညီ အချက်အလက်များ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့် နိုင်မည့် အကြံပြုချက်များကို စဥ်ဆက်မပြတ်လုပ်ဆောင်နေပါကြောင်း၊ NUG အစိုးရအနေဖြင့် ယခုကဲ့သို့ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ပိုမိုပြီး ပြတ်သားခိုင်မာသည့် ရပ်တည်ချက်များ ထားရှိသည်ကို သိရှိရသည့်အတွက် ၀မ်းသာကြိုဆိုပါကြောင်း၊ ရှေ့ဆက်ပြီး ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်း ယန္တရားများကို ထိထိရောက်ရောက် အသုံးချပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စများကို အမြန်ဆုံးရပ်တန့်နိုင်ရေး နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
