ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်
ယနေ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်မြောက်သည့်နေ့တွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့်မြန်မာပြည်သူလူထုအပေါ် မတရားသဖြင့် အာဏာသိမ်းအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်တွင် ” အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများ ၊အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချပါကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လိင်ကွဲပြားမှုအပေါ် အခြေခံ၍ ကျုးလွန်နေသော အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများကိုပိတ်ပင်ကန့်သတ်နေမှုများအား ချက်ချင်းရပ်ရန်တောင်းဆိုကြောင်း၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရုံမက မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်” စသည့် အချက်များကို ပြင်းပြင်းထန်ထန် အတိအလင်း တောင်းဆိုထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်တွင်ပါဝင်သော နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ ၊ကနေဒါ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ နော်ဝေနှင့်တောင်ကိုးရီးယားနိုင်ငံတို့ဖြစ်သည်။
တောင်ကိုးရီးယားနိုင်ငံအနေဖြင့် ယခုကဲ့သို့ မြန်မာ့အရေးတွင် တက်ကြွစွာပါဝင်လာမှုအပေါ်များစွာ ကျေးဇူးတင်ရှိပါကြောင်း မိမိတို့အနေဖြင့် အလေးအနက်ထားဖော်ပြအပ်ပါသည်။
ဆက်စပ်အကြောင်းအရာများ




