မင်းကင်းမြို့နယ်၊မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်
၂၀၂၄ ခုနှစ်၊ ဇွန်လ(၃) ရက်နေ့၊ နံနက် (၈) နာရီခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောရွာသို့ မကွေးဘက်မှ တက်လာသည့်အကြမ်းဖက်စစ်အုပ်စု၏ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၃၃) ဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်း (၆၄)ဦးရှိခဲ့သည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရ သောကြောင့် (၁)ဦး ထပ်မံသေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ (၃၄)ဦး ရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



