ဒုတိယဝန်ကြီး နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့လူ့အခွင့်အရေးဆွေးနွေး

ဒုတိယဝန်ကြီး နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့လူ့အခွင့်အရေးဆွေးနွေး

မေလ – ၉

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးသည် မေလ ၉ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alison Peters နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုဝန်ကြီးမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် လူ့အခွင့်အရေး ၊ ဒီမိုကရေစီ ကိစ္စရပ်များကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ကူညီပံ့ပိုးပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။