ပြည်ထောင်စုဝန်ကြီး နယူးဇီလန်လွှတ်တော်၏ LGBTIQ အရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် နယူးဇီလန် လွှတ်တော်၏ LGBTIQ (Rainbow) ရေးရာ ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ် Mr.Shanan Halbert နှင့် မေလ (၉) ရက်နေ့တွင် လွှတ်တော်အတွင်းရှိ LGBTIQ ရေးရာ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်LGBTIQ ရေးရာများနှင့် စပ်လျဉ်း၍ နွေဦးတော်လှန်ရေးအတွင်း LGBTIQ များပါဝင်မှု၊ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖိနှိပ်မှုများ ကိုဆွေးနွေးခဲ့ပြီး နယူးဇီလန်နိုင်ငံ လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံ ၏ LGBTIQ များသာမက ပြည်သူများအတွက် အကြမ်းဖက်စစ်အုပ်စုအား ဆထက်ထမ်းပိုးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း LGBTIQ အရေးနှင့် ပတ်သက်၍ တက်တက်ကြွကြွဆောင်ရွက်မှုများအပြင် နယူးဇီလန်နိုင်ငံတွင် စဉ်ဆက်မပြတ် LGBTIQ များနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံသည့် ဥပဒေများအား ပယ်ဖျက်နိုင်ရေး၊ LGBTIQ များနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ LGBTIQ များ၏ လိင်ပိုင်းဆိုင်ရာခွဲစိတ်ပြုပြင်ရေးဆိုင်ရာ ဥပဒေများအားလည်း ပြဌာန်းနိုင်စေရေး ဆောင်ရွက်ခဲ့သူများဖြစ်သည်။
ဆက်စပ်အကြောင်းအရာများ


