ရှားတောမြို့နယ် စုစည်းရွာမှ စစ်ဘေးရှောင်ပြည်သူ (၇) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး၍ (၆) ဦး အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ဘက်သို့ အကြမ်းဖက်စစ်အုပ်စုမှ အင်အား (၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး စုစည်းရွာ တောင်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူ(၇)ဦးကို လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
ထိုကဲ့သို့ သတ်ဖြတ်ခံရသူများမှာ အကြမ်းဖက်စစ်အုပ်စု၏ ၂၄၉ တပ်ရင်းမှ တပ်ရင်းမှူး၏ အမိန့်ပေးခိုင်းစေချက်ဖြင့် ကျုးလွန်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



