မဲအိုးရွာ ၏ အရပ်သားပြည်သူ(၅)ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့်မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်

မဲအိုးရွာ ၏ အရပ်သားပြည်သူ(၅)ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့်မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အမှတ် (၄) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊ အမှတ် (၇၀၈) ခြေလျင်တပ်ရင်း ၏ အင်အား(၁၀၀)ခန့်ရှိပူးပေါင်းတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာ၏ အမျိုးသမီး၊ ကလေးအပါအဝင် ဒေသခံ (၁၄)ဦးအား လက်ယက်ကုန်းရွာဆီသို့ လူသားဒိုင်း အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အရပ်သားပြည်သူ (၅)ဦးအား နှိပ်စက် သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများအားပြုလုပ်ခဲ့ပြီး လက်ယက်ကုန်းရွာမှ (၁၉) ရက်နေ့တွင် စစ်ကြောင်းထွက်ခွါသွားခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။